Subscribe to our RSS Feed

မြန်မာ ၈၈ ကျောင်းသားနဲ့ ဗြိတိန် ၂၀၁၁ ကျောင်းသား

ဗြိတိန်နိုင်ငံမှာ မြန်မာနိုင်ငံ ၁၉၈၈ တုန်းကလိုမျိုး တက္ကသိုလ် ကောလိပ်ကျောင်းသားတွေ က တိုင်းပြည်တ၀ှမ်းလုံးမှာ ဆန္ဒ ပြနေကြပါတယ်။ ရှဖီး၊ လီးးဒ်၊ ဘရိုက်တန်၊ ဘာမင်ဟမ်၊ ဂလပ်စဂိုနှင့် အီဒင်ဘတ်မြို့ များအပါဝင် မြို့ ကြီးများ၌ ဆန္ဒပြပွဲများ ဖြစ်ပွားနေပါတယ်။

အောက်စဖို့ လမ်းမကြီးပေါ်က ဆန္ဒပြပွဲမှာ ဆန္ဒပြကျောင်းသားများက လူအုပ်ထဲသို့  မီးကျည်များပစ်ပေါက် ခဲ့ကြရာ၊ ဆန္ဒပြသူများနှင့် အခြေအနေကို ထိန်းသိမ်းနေသော ပုလိပ်များအကြား ရုတ်ရုတ်သဲသဲဖြစ်ပွား ခဲ့ကြရပါတယ်။

လဆန်းပိုင်းတုန်းကလည်း ကွန်ဆာဗေးတစ်ပါတီ ဌာနချုပ်ရှေ့ မှာ ကျောင်းသား ငါး သိန်းကျော် သွားရောက် ဆန္ဒပြခဲ့ကြပါသေးတယ်။ ယုံကြည်ချက်ကြောင့် ဆန္ဒပြ ကျောင်းသား အချို့ကို ဗြိတိန်ရဲက အများပြည်သူကို အနှေင့်အယှက်ဖြစ်စေမှု ဆိုတဲ့ ပုဒ်မတွေနဲ့ ဖမ်းဆီးထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ အပတ် ဗုဒ္ဒဟူးနေ့ က ၀ိုက်ဟော လမ်းမကြီးတွင် ကျောင်းသားတစုက ပုလိပ်ကားတစီးကို မီးရှိုခဲ့ရာ ပုလိပ်များက ကျောင်းသားများကို ၀ိုင်းပိတ်ထားလိုက်ပြီး ယုံကြည်ချက်ကြောင့် ဆန္ဒပြသူ စုစုပေါင်း (၄၁)ဦးကို ဖမ်း ဆီးခဲ့ပါတယ်။ အခုလို ဖမ်းဆီးခြင်းတွေအတွက် အမေရိကန်နဲ့ ကုလကတော့ စိုးရိမ်ကြောင်း ပြောကြားခြင်း မရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာလည်း ၁၉၈၈ တုန်းက ဒီကနေ့ ဗြိတိန်မှာလိုပဲ ကျောင်းသားတွေ ရမ်းကားမှုတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီ ခိုးဆိုး သောင်းကျမ်းနေတဲ့ ကျောင်းသားတွေက အခုဆိုရင် ၈၈ ကျောင်းသားများဆိုပြီး နာမည်တောင် သီးသန့်ယူထားပါတယ်။ ဗြိတိန်နိုင်ငံမှာလဲ အခုဆူပူနေတဲ့ ကျောင်းသားတွေအနေနဲ့ နောက် ၁၀ နှစ်လောက် ကြာရင် ၂၀၁၁ ကျောင်းသားများဆိုပြီး ပါတီထောင်နိုင်ကြောင်း နိုင်ငံရေးကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

ဒီကနေ့ ဗြိတိန်ကျောင်းသားတွေရဲ့ ဆန္ဒပြမှုနဲ့ ဆန္ဒပြ ကျောင်းသားတွေကို ရဲက ဖမ်းဆီးမှုအပေါ်မှာ ဆန္ဒပြကျောင်းသားတွေဖက်က မှားသလား၊ ဖမ်းတဲ့ ဗြိတိန်ရဲတွေက မှားသလားဆိုတာ မြန်မာ အတိုက်အခံအဖွဲ့အစည်း အားလုံးနဲ့ မီဒီယာအားလုံးက မသုံးသပ်ရဲ၊ အဖြေမပေးရဲကြပါဘူး။ အကြောင်းကတော့ ဗြိတိန်အစိုးရနဲ့ ဗြိတိန်ရဲတွေရဲ့ လုပ်ရက်ကို မှားတယ်လို့ ပြောရမှာကို ကြောက်ရွံ့ခြင်းကြောင့်ဖြစ်ပါတယ်။ ဆန္ဒပြကျောင်းသားတွေကို မှားတယ်ပြောပြန်ရင်လည်း ကိုယ်ပေါင်ကို လှန်ထောင်းသလိုဖြစ်နေပါလိမ့်မယ်။




ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က အဘိုးကြီးတချို့ အမြင်မှန်ရပြီး အစိုးရနဲ့လက်တွဲလုပ်မယ်လို့ ဆုံးဖြတ်ပြီးပေမယ့်လည်း ၈၈ မြန်မာကျောင်းသားတွေကတော့ ခုထိ အမြင်မရကြသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ရွေးကောက်ပွဲ ဝင်မယ် ပြောတာကိုတောင် ၈၈ ကျောင်းသားဆိုသူတွေက အဲဒီရွေးကောက်ပွဲကို အသိအမှတ်မပြုနိုင်ကြပါဘူး။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို အသိအမှတ်မပြုတာနဲ အတူတူပဲဖြစ်ပါတယ်။

၈၈ ကျောင်းသားဆိုတဲ့လူအားလုံးဟာ အခုဆိုရင် အနည်းဆုံး အသက် ၄၀ ကနေ ၆၀ ကြားတွေထဲကို ရောက်ကုန်ကြပါပြီ။ ဒါပေမယ့်လည်း ဘယ်လောက်ပြောပြော နားဝင်နိုင်စွမ်းမရှိ၊ နားလည်နိုင်စွမ်းညံ့ဖျင်းဆဲမှာပဲရှိနေပါတယ်။ ကျောင်းသားလို့ နားမည်ခံထားပေမယ့် ထူးချွန်ထက်မြတ်သူ၊ အဆင့်မြင့် သိပ္ပံဘွဲ့တွေ ရထားသူတွေ တစ်ယောက်မှ မရှိဘူးလို့လည်း သိရပါတယ်။


Myanmar Express

5 comments:

အကြမ်းဖက်သမား အလိုမရှိ
၈၈ ကျောင်းသားအားလုံး အလိုမရှိ
အမေစု နဲ့လက်မတွဲသူအားလုံး ရှုံ့ချတယ်
အေမစုနဲ့လက်တွဲတဲ့သမ္မတကြီးကို ထောက်ခံတယ်

အမေစုလဲဒီပုပ်ထဲက ဒီပဲပါပဲ

ဟားဟားဟ ၊ ရီရတယ်

အဲလိုကောင်တွေ..လည်မျိုကို ဒုတ်နဲ့ရိုက်သတ်ဖို့ကောင်းတယ်..ဘာကျောင်းသားလဲ..အမေရိကန်မှ အမေရိကန်..ဖြစ်နေတဲ့ကောင်တွေ..ပထွေးမှ ပထွေးဖြစ်နေတဲ့ နိုင်ငံရေးသမားတွေ..အမေရိကန်ဆိုတဲ့ကောင်တွေက လိုရင်တစ်မျိုး..မလိုရင်တစ်မျိုးဆိုတာ..နည်းနည်းသတိထားဖို့ကောင်းတယ်..တရုတ်ကို ယုံကြည်လို့မရသလို.အမေရိကန်ကိုလည်း.နည်းနည်းမှ ယုံလို့မရဘူး..ဒေါ်စုကြည်ကလည်း.အမေရိကန်ဝန်ကြီးလာတာကို.သူ့သမီးယောက်မ လာတယ်ထင်နေလားမသိဘူး..ပိုကို ပိုတယ်..ကြပ်ကြပ်လုပ်..အမေရိကန်တွေက -င်ချသွားလိမ့်မယ်..သိပ်မပြောချင်ဘူး..

ကြီးလေ ချောင်လေ စောက်ပေါတွေ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်