Subscribe to our RSS Feed

ဘယ်လာရုစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်နှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ရောက်ရှိ


ဘယ်လာရုစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာမီခေးလ် ဗွီ မီယာစညီကိုဗစ်ခ်ျနှင့် ဇနီး မစ္စစ် လုဒ်မီလာ မီယာစညီကိုဗစ်ခ်ျတို့ ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလ ၁ ရက်နေ့ ည ၇ နာရီတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ရောက်ရှိကြရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်ဇနီး၊ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်ကြူနှင့်ဇနီး၊ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ဘယ်လာရုစ် သမ္မတနိုင်ငံဆိုင်ရာပြည်ထောင်စု သမ္မတနိုင်ငံ သံအမတ်ကြီး ဦးမင်းသိန်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဘယ်လာရုစ်သမ္မတနိုင်ငံ ဂုဏ်ထူးဆောင် ကောင်စစ်ဝန် ဒေါက်တာအောင်မိုးမြင့်နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။ ဘယ်လာရုစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်နှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့တွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဘယ်လာရုစ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Valery SADOKHO တို့လည်း လိုက်ပါလာကြကြောင်း သိရပါတယ်။

ဘယ်လာရုစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာမီခေးလ် ဗွီ မီယာစညီကိုဗစ်ခ်ျ ဟာ ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦး၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအပါအဝင် အခြား အရာရှိကြီးများနဲ့တွေ့ဆုံကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်