Subscribe to our RSS Feed

မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား ယနေ့ ပြန်ဖွင့်မည်

မြန်မာနိုင်ငံဘက်မှ မြ၀တီမြို့နှင့် ထိုင်းနိုင်ငံဘက်မှ မဲဆောက်မြို့တို့ကို ဆက်သွယ်ပေးထားသော မြဝတီ ချစ်ကြည်ရေးတံတားအား၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၁၈ ရက်က စတင်၍ ယာယီပိတ်ထားခဲ့ခြင်းဖြစ်

မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား ဒီဇင်ဘာ ၅ တွင် ပြန်ဖွင့်မည်

လွန်ခဲ့သော တစ်နှစ်ကျော်ကပင် ပိတ်ထားခဲ့သည့် မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတားကို ဒီဇင်ဘာ ၅ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဟု နယ်စပ်ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ချယ်ရီမောင်က 7Day News သို့ပြောကြားသည်။

မြန်မာနိုင်ငံဘက်မှ မြ၀တီမြို့နှင့် ထိုင်းနိုင်ငံဘက်မှ မဲဆောက်မြို့တို့ကို ဆက်သွယ်ပေးထားသော မြဝတီ ချစ်ကြည်ရေးတံတားအား၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၁၈ ရက်က စတင်၍ ယာယီပိတ်ထားခဲ့ခြင်း ဖြစ်သည်။ တံတားပိတ်ထားခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများမှာလည်း ထိုအချိန်ကတည်းကပင် ရပ်နားထားခဲ့ရသည်။

မြန်မာနိုင်ငံသို့ ယခုနှစ် အောက်တိုဘာ ပထမပတ်က လာရောက်ခဲ့သော ထိုင်းဝန်ကြီးချုပ် မစ္စယင်းလပ်ရှင်နာဝပ်က သူ့ခရီးစဉ်အတွင်း ချစ်ကြည်ရေးတံတားကို ပြန်လည်ဖွင့်လှစ်ပေးရန် မြန်မာနိုင်ငံအစိုးရထံ မေတ္တာရပ်ခံခဲ့သည်။

တံတားကို မြန်မာနိုင်ငံဘက်မှ ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ထိုင်းဝန်ကြီးချုပ်၏ မေတ္တာရပ်ခံမှုကို တုံ့ပြန်ရာတွင် မြန်မာအစိုးရက အဆိုပါတံတားအောက်ခြေပြင်ဆင်မှုလုပ်ငန်းများကို ဦးစွာဆောင်ရွက်မည်ဖြစ်ပြီး ပြင်ဆင်မှုပြုလုပ်ပြီးပါက တံတားပြန်လည်ဖွင့်လှစ်မည်ဟု ပြန်လည်ဖြေကြားခဲ့သည်။ အဆိုပါတံတားကို ၁၉၉၇ ခုနှစ်တွင် သောင်ရင်းမြစ်ကို ဖြတ်ကျော်၍ မြ၀တီနှင့် မဲဆောက်မြို့တို့အား ဆက်သွယ်ဖောက်လုပ်ထားခဲ့ခြင်းဖြစ်သည်။

Credit: 7Day News Journal



Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်