Subscribe to our RSS Feed

စီးပွားရေး ပိတ်ဆို့ထားမှုကို စဉ်းစားပေးဖို့ ရှိကြောင်း ဟီလာရီကလင်တန် ပြောကြား


လက်ရှိမြန်မာ့နိုင်ငံရေး ယခုထက်ရှေ့ ဆောင်သွားရန်နှင့် ကျန်ရှိ နေသေးသော အကျဉ်းသားများ အမြန်ဆုံး လွှတ်ပေးရန် မျှော်လင့် ထားကြောင်း ဟီလာရီကလင်တန်က ဒီဇင်ဘာလ ၂ ရက်နေ့ ရန်ကုန်မြို့ အမေရိကန် သံရုံးတွင်ပြုလုပ်ခဲ့သည့် စာနယ်ဇင်း ရှင်းလင်း ပွဲတွင် ပြောကြားသည်။

"မနေ့က နေပြည်တော်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေး ဝန်ကြီးအပါအ၀င် လွှတ်တော်က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေး စဉ်တုန်းက လက်ရှိမြန်မာ့နိုင်ငံရေးကို အခုထက် ပိုရှေ့ဆောင်သွားဖို့နဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း အမြန်ဆုံးလွှတ် ပေးဖို့အတွက် အကြုံပြု ဆွေးနွေးခဲ့ပါတယ်"ဟု ၎င်းက ပြည်တွင်းပြည်ပ စာနယ်ဇင်းသမားများနှင့် တွေ့ဆုံရာတွင် ပြောသည်။

ထို့ပြင် အဆိုပါနေ့ နံနက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ နေအိမ်တွင် တွေ့ဆုံခဲ့သည်။

"ဒီမနက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်မတို့ နှစ်ဦးနှစ်ဖက် အမြင် တွေကို ဖလှယ်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအစိုးရ အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မှတ်ပုံတင်ခွင့်ပေးခဲ့ကြောင်းနဲ့ သူနိုင်ငံရေးကို တစ်ဖန် ပြန်ဝင်ဖို့ ဆုံးဖြတ်လိုက်ကြောင်း ပြောပါတယ်။ နောက်နိုင်ငံရေးပါတီတွေ အားလုံးကိုလည်း နိုင်ငံအနှံ့ရုံးခန်းတွေ ဖွင့်လှစ်ဖို့၊ နိုင်ငံသားတိုင်း မဲပေးခွင့်နဲ့ နောင်လာမယ့် ရွေးကောက်ပွဲ ကိုလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက် ပွဲဖြစ်ဖို့ ရှိဖို့ စတဲ့ အတွက်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်အား ထက်သန်မှုတွေကို သိရှိခဲ့ပါတယ်"ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

"စီးပွားရေး ပိတ်ဆို့ထားမှုကိုတော့ စဉ်းစားပေးဖို့ ရှိပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာ ဒီကိစ္စဆွေးနွေးဖို့ အဆင်သင့် မဖြစ် သေးပါဘူး။ အခုမှပဲ နှစ်နိုင်ငံအကြား တွေ့ဆုံ ဆွေးနွေးခါစ ဖြစ်တဲ့အတွက် လတ်တလော ဒီကိစ္စကိုတော့ မြန်မာအစိုးရနဲ့ ဆွေးနွေးဖို့ မရှိပါဘူး။ ဒါပေမယ့် လက်ရှိအစိုးရကသာ ကျွန်မတို့ မျှော်လင့်တဲ့အတိုင်း ဆောင်ရွက်ပေးမယ်ဆိုရင် ဒီစီးပွားရေးပိတ်ဆို့မှု ရပ်ဆိုင်း ရေးကို အမေရိကန်အစိုးရလည်း ပြန်လည်သုံးသပ်ပေးမှာဖြစ်ပါတယ်"ဟု ၎င်းကဆက်ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ဘဏ်လုပ်ငန်း စနစ်ကူညီရန် ကမ္ဘာ့ဘဏ်အဖွဲ့ စေလွှတ်ခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် တိုင်းရင်းသား မျိုးနွယ်စုများ နေထိုင်ရာတို့တွင် ကျန်းမာရေး၊ အသေးစားချေးငွေ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ မြေမြှုပ်မိုင်းများ ဖော်ထုတ်ရေး၊ အမေရိကန် တက္ကသိုလ်ပညာသင်ဆု အစီအစဉ်၊ အင်္ဂလိပ်စာသင်ကြားရေး အစီအစဉ်တို့အတွက် မြန်မာနိုင်ငံအား ကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။


http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း



Myanmar Express

1 comments:

စီးပွားရေး ပိတ်ဆို့တယ်ဆိုတာ နောက်ဆုံးတော့ ပြည်သူတွေပဲ ဒုက္ခခံစားရတာပါ ပိတ်ဆို့တာ မသိမ်းတော့လည်း အနည်းနဲ့အများတော့ နှစ်ဘက်လုံးနစ်နာတာပါပဲ ချမ်းသာတဲ့ နိုင်ငံက ပိတ်ဆို့တော့ နည်းနည်းထိခိုက်မယ် ပိတ်ဆို့ခံ နိုင်ငံက ဆင်းရဲတော့ များများဆင်းရဲမယ် အခုအချိန်မှာ ဖွင့်သင့်ပြီ၊ အနောက်အုပ်စုပြောတဲ့ လူသားချင်းစာနာထောက်ထားတယ်ဆိုတာ လူတွေအဆင်ပြေ ဖို့လေ ပိတ်ဆို့တာဖွင့်သင့်ပါပြီ၊ နိုင်ငံလဲ ပြောင်းလဲသင့်သလောက် ပြောင်းလဲလာပြီးပဲ စီးပွားရေးလမ်းတွေ ဖွင့်ကြပါ၊ လက်ရှိ နိုင်ငံအတွက်လုပ်မယ့်သူတွေ အင်ပြည့်အားပြည့် နိုင်ငံအတွက် လုပ်နိုင်အောင် ဖွင့်ပေးလိုက်ပါ၊ ပြည်သူဘက်ကတော့ နိုင်ငံကို ဘယ်သူအကျိုးပြုပြု ကောင်းရင် လက်ခံပေးသွားမှာပါ။ ဟိုလူလုပ်မှ ဒီလူလုပ်မှ တွေလုပ်မနေပါနဲ့။ ဘယ်သူလုပ်လုပ် အကျိုးပြုဖို့ပဲ လိုတာပါ….. သိချင်တာ တစ်ခုတော့ ရှိပါတယ် ပိတ်ဆို့မှုတွေဖွင့်ပါပြီတဲ့ သူတို့အကျိုးရှိလို့လာပြီး စီးပွားရေး လုပ်ကြတာမလား၊ သူတို့အတွက်သူတို့လာတာ မြန်မာက ရမယ့်အကျိုးကျေးဇူးက ရသင့်တာထက် ပိုရမှာဘာမှ မရှိဘူး ကိုယ်လုပ်မှကိုစားရမှာ… ဒါကြောင့် ပိတ်ဆို့တာကို ကန့်ကွက်တယ် ပိတ်ဆိုမှုတွေဖယ်ရှားပါ… ဖွင့်ပေးမယ်ဆိုပြီး ကျေးဇူးရှင်ကြီးလိုလိုဘာလိုလို လာမလုပ်နဲ့ ကျေးဇူးတင်စရာ ဘာမှ မရှိဘူး..
ပြီးတော့ ပြောသေးတယ် ဟိုပညာသင်ဆု ဒီပညာသင်ဆု ပေးမယ် ဘာငွေကြေးကို ဘယ်လိုချေးမယ် ဆိုပြီး ပညာရေး ကျန်းမာရေး စတာတွေကောင်းအောင်လုပ်ပေးမယ် ဆိုပြီး နိုင်ငံခြားသား အမတ်တွေက လာရင်ပြောကျတယ် အခုထိဘာလုပ်ပေးသေးလို့လဲ ဘယ်နိုင်ငံခြားသားမှ အနစ်နာခံ ပြီးလာ မလုပ်ပါဘူး။ သူ့အတွက် ဒါမှမဟုတ် သူနိုင်ငံအတွက် တစ်စုံတစ်ရာ အကျိုးရှိလို့သာ လာကြမှာပါ။ ဖွင့်ပေးစရာ ရှိတာဖွင့်သင့်ပါတယ် မြန်မာလူမျိုးတွေလည်း ကိုယ့်နိုင်ငံကောင်းအောင် လုပ်နိုင်ကြပါတယ်…

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်