Subscribe to our RSS Feed

မန္တလေးသို့ ကမ္ဘာလှည့်ခရီးသည် အများအပြား ၀င်ရောက်လျှက်ရှိ


မန္တလေးသို့ ကမ္ဘာလှည့်ခရီးသည် အများအပြား ၀င်ရောက်လျှက်ရှိ

ပွင့်လင်းရာသီသို့ စတင်ရောက်ရှိသော သီတင်းကျွတ်လပြည့်နေ့ နောက်ပိုင်းမှစတင်ကာ မန္တလေးမြို့သို့ ကမ္ဘာလှည့်ခရီးသည် အများအပြား ၀င်ရောက်လျှက်ရှိကြောင်း ခရီးသွားလုပ်ငန်းနှင့် စပ်ဆက်နေသည့် အသိုင်း အ၀ိုင်းမှ စုံစမ်း သိရှိရသည်။

''အခုရက်ပိုင်း ခရီးသည်အ၀င်များတာကြောင့် ယာဉ်အခက်အခဲတွေ ဖြစ်ကြတယ်။ ဒါကြောင့် အခြားယာဉ်လိုင်းတွေကနေငှားပြီး ပို့ဆောင်နေကြရတယ်'' ဟု ခရီးသွားဝန်ဆောင် မှု လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ဆိုသည်။

ယခုနှစ်ခရီးသွားရာသီတွင် ဥရောပနိုင်ငံများမှ ခရီးသည်များအပြင် အမေရိကန်လူမျိုးခရီးသည်များနှင့် ဗီယက်နမ်လူမျိုးခရီးသည် အများအပြားပါဝင်ကြောင်း သိရှိရသည်။ ''ရာသီအစဆိုပေမယ့် ခရီးသည်အ၀င် အရမ်းများတယ်။ ရုရှား၊ အီတလီ၊ အင်္ဂလန်စတဲ့ ဥရောပနိုင်ငံတွေအပြင် အမေရိကန်နဲ့ ဗီယက်နမ်လူမျိုးခရီးသည်တွေပါ ၀င်လာ တယ်'' ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောကြားခဲ့သည်။ ''အခုဝင်လာတဲ့ဧည့်သည် အများစုက package tour တွေများပြီး လေဆိပ်က ကြိုပြီးတာနဲ့ နံနက် ၁၀ နာရီအမီကို မဟာဂန္ဓာရုံ ဘုန်းကြီးဆွမ်းလောင်းတာ ပြရတယ်။နေ့လည်ပိုင်းကတော့ နန်းမြို့တွင်း၊ ရွှေကျောင်းကြီးစသဖြင့် ခရီးသည် စိတ်ကြိုက် လည်ပတ်ပြီး ညနေ ၅ နာရီမှာ မန္တလေးတောင်ကို sunset ကြည့်ဖို့ သွားတာများတယ်။ ဦးပိန် တံတားမှာလည်း နေ၀င်ချိန်ကြည့်ကြတယ်။ ညပိုင်းကတော့ လည်ပတ်စရာ ဘာမှမရှိပါဘူး။ နောက်ရက်တွေမှ မင်းကွန်း၊ အင်းဝဘက် ပို့ဆောင်ပေးရပါတယ်''ဟု ဆက်လက်ပြောကြားခဲ့သည်။

''Sunset ကြည့်တဲ့ မန္တလေးတောင်နဲ့ ဦးပိန်တံတားမှာက ညနေ စောင်းတာနဲ့ စုပြုံလာကြတာကြောင့် ယာဉ်ရပ်နားဖို့တောင် အခက်အခဲရှိတယ်။ ဦးပိန်တံတားမှာက မြေ ပြန့်ဆိုတော့ အခက်အခဲမရှိပေမယ့် မန္တလေးတောင်မှာတော့ တောင်တက် လမ်းမှာပဲရပ်ထားခဲ့ရပြီး လမ်းဆင်း လျှောက်တက်ရတယ်။ ဒါတောင် နေ၀င်ချိန်ကြည့်တဲ့နေရာက နှစ်နေရာရှိလို့။ တစ်နေရာပဲဆိုရင်တော့ အခက်အခဲတော်တော်ရှိမယ်''ဟု ဧည့်လမ်းညွှန်တစ်ဦးက ပြောကြားခဲ့သည်။


http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း



Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်