Subscribe to our RSS Feed

ရုရှားနိုင်ငံတွင် ပါလီမန်ရွေးကောက်ပွဲ ကျင်းပ


ရုရှားနိုင်ငံမှာ ဒီဇင်ဘာ ၄ ရက်နေ့ တနင်္ဂနွေနေ့၊ ဒီနေ့မှာ ပါလီမန်ရွေးကောက်ပွဲ ကျင်းပပါတယ်။ ပါလီမန် ရွေးကောက်ပွဲတွေမှာ မဲဆနန္ဒရှင်တွေ အများအပြား မဲပေးခဲ့ ကြပါတယ်။ လက်ရှိဝန်ကြီးချုပ် ဖြစ်သူ ဗလာတီမာပူတင်ဟာ ရှေ့လာမယ့် ၃ လအကြာမှာ ပြုလုပ်မယ့် သမ္မတ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင် အရွေးခံမှာ ဖြစ်ပါတယ်။

ရုရှားအစိုးရအဖွဲ့က မဲပေးပွဲဟာ လွတ်လပ်ပြီး တရားမျှတတယ်လို့ ပြောပါတယ်။ လာမယ့်ငါးနှစ်အတွင်း Duma လို့ခေါ်တဲ့ ရုရှားရဲ့အောက်လွှတ်တော် ပုံသဏ္ဌာန်သစ်ကို ဖော်ဆောင်ပေးမဲ့ ရုရှားသမ္မတနိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေ ဒီကနေ့ စတင်နေပါပြီ။

ဒီကနေ့ ရွေးကောက်ပွဲတွေမှာ ၀န်ကြီးချုပ် ဗလာဒီမီယာ ပူတင်ရဲ့ United Russia Party က အမတ်နေရာ အများဆုံးနဲ့ အနိုင်ရရှိလိမ့်မယ်လို့ အများက ခန့်မှန်းနေကြပါတယ်။



Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်