Subscribe to our RSS Feed

မြန်မာနိုင်ငံ အပေါ်ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားပေးရန် တရုတ်နိုင်ငံက တိုက်တွန်း


(အေအက်ဖ်ပီ)
ကိုကို ဘာသာပြန်သည်။
အတွဲ ၂၈ ၊ အမှတ် ၅၄၆ ( ၂ - ၈ ၊ ၁၂ ၊ ၂၀၁၁)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ သမိုင်းဝင် အလည်အပတ်ခရီး ရောက်ရှိစဉ် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းပေးပါရန် မြန်မာနိုင်ငံ၏ အဓိကမဟာမိတ် အိမ်နီးချင်း တရုတ်နိုင်ငံက ဒီဇင်ဘာလ ၁ ရက်နေ့တွင် တိုက်တွန်း တောင်းဆိုလိုက်သည်။

"မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းပြီး မြန်မာနိုင်ငံရဲ့ တည်ငြိမ်တိုးတက်အောင် လုပ်သင့်ပါတယ်"ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရ ဟောင်လီက ပြော ကြားသည်။

ပြီးခဲ့သောနှစ်များအတွင်း တရုတ်နိုင်ငံ အကူအညီဖြင့် ဆောက်လုပ်မည့် အငြင်းပွားဖွယ် မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းလိုက်ခြင်း အပါအ၀င် ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုများစွာ လုပ်ဆောင်ခဲ့ရာ စောင့်ကြည့် လေ့လာသူများ တအံ့တဩဖြစ်ခဲ့ ကြရသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံသည် နိုင်ငံခြားရေးမူဝါဒကို တစ်မျိုးတည်း ပုံသေမဟုတ်ဘဲ အမျိုးမျိုး ခွဲဖြာထားရှိရန် ကြိုးစားနေပုံရသည်ဟု လေ့လာသုံးသပ်ကြသည်။

အနောက်အုပ်စုနှင့် ထိတွေ့ဆက်ဆံရေး မြန်မာနိုင်ငံ၏လှုပ်ရှားမှုများကို မြန်မာအစိုးရကို အဓိကထောက်ခံလာခဲ့သော တရုတ်နိုင်ငံက သတိနှင့် ကြိုဆိုလိုက်သည်။

မြန်မာနိုင်ငံသည် အစိုးရသစ်မှ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လာသည့်အတွက် ၎င်းအားတက်ရပါသည်ဟု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် ပြောကြားခဲ့ရာ တရုတ်အစိုးရ၏ ယခုဝေဖန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း

3 comments:

တရုပ်ကမှ မြန်မာလူထုချမ်းသာရေးကို စဉ်းစားပေးသေးတယ်

မြန်မာနိုင်ငံရေးအပြောင်းအလဲတွေဖြစ်ပေါ်လာနေသော်လည်း.. ဒေါ်အောင်ဆန်းစုကြည် က Burma ကို Myanmar လို့ မပြောင်းနိုင်သေး တာက အတော်ထူးဆန်းနေပါတယ်.. မြန်မာ ကို မြန်မာလို့ပဲခေါ်စေချင် ပါတယ်..

Mrs.Aris does not have the permission from her masters to refer Myanmar as its official name being a happy colonized married to a white guy, she must use the way west use to show her contempt for Myanmar as a whole!!!!!!!!1

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်