Subscribe to our RSS Feed

ဗြိတိန်တွင် လူ ၂ သန်းနီးပါး ဆန္ဒပြ


စီးပွားရေး ချွတ်ချုံကျကာ ဒုက္ခအမျိုးမျိုးရောက်နေတဲ့ ဗြိတိန်နိုင်ငံမှာ အစိုးရက ပင်စင်လာစာတွေကို ပြောင်းလဲ သက်မှတ်လိုက်ခြင်းကို မကျေနပ်တဲ့ ပြည်သူပေါင်း ၂ သန်း လောက်က ဆန္ဒပြမှု တစ်ခု ပြီးခဲ့တဲ့ လကုန်က ဖြစ်ပွားခဲ့ပါတယ်။ ၁၀ နှစ်အတွင်းမှာ အကြီးဆုံး ဆန္ဒပြမှု ဖြစ်ပြီး အစိုးရဌာနတွေ အများအပြား ပါဝင်ခဲ့ကြပါတယ်။

အစိုးရရဲ့ အပြောင်းအလဲအပေါ် ကန့်ကွက်ဆန့်ကျင်တဲ့ ဒီသပိတ်ကြောင့် စာသင်ကျောင်း အများစုကို ပိတ်ထားပြီး၊ ဆေးရုံတွေမှာလည်း ခွဲစိတ်မှုတွေနဲ့ လူနာ ရက်ချိန်းတွေ ရပ်တန့်ခဲ့ရပါတယ်။

စီးပွားပျက်ကပ်ဖြစ်နေတဲ့ ဗြိတိန်နိုင်ငံဟာ အစိုးရ က အလုပ်သမားတွေကို အခွန် ပိုပေးခိုင်းပြီး ပင်စင်အတွက်လည်း နှစ်တွေ ပိုပြီး အလုပ်လုပ် ခိုင်းနေပါတယ်။ ဗြိတိန်အစိုးရရဲ့ ကိုင်တွယ်မှု ညံ့ဖျင်းခြင်းကြောင့် ဗြိတိန်စီးပွားရေးဟာ ကျသထက် ကျလာပြီး ၂၀၁၁ အတွင်းမှာ သိသိသာသာ အောက်ကို ထိုးဆင်းကျခဲ့ ပါတယ်။ ကိုယ်တိုင်စီးပွားရေး ကျဆင်းနေတဲ့ ဗြိတိန်နိုင်ငံဟာ မြန်မာနိုင်ငံကိုလည်း စီးပွားရင်း တိုးတက်သင့်သလေက်မတိုးတက်ပဲ စီးပွားရေးကျဆင်းအောင် ပိတ်ဆို့မှုတွေ လုပ်နေသူဖြစ်ပါတယ်။


Myanmar Express

1 comments:

တောက်ကျင့်မကောင်းတဲ့ကောင်တွေ
ချက်ချင်းဝဋ်လည်တာပဲ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်